ဂျမ်းတောကို ခိုင်းစာဖို့အတွက် ကေတီဗီ ခေါ်သွားခဲ့တာမဟုတ်ဘဲ သူ့အကို အလုပ်လုပ်တဲ့ မာဆက်ကို ခေါ်သွားခဲ့တာဖြစ်ကြောင်း ဂျမ်းတော ဖခင် ကိုကျော်စွာက ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။
ဂျမ်းတောကို ဖခင်ဖြစ်သူက မဟုတ်တဲ့နေရာကို ခေါ်သွားခဲ့ကြောင်း သတင်းတွေတက်လာခဲ့ပြီးနောက် သူဖခင်ကို ဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဂျမ်းတောကို အများထင်သလို ခိုင်းစားဖို့အတွက် မဟုတ်တဲ့နေရာကို ခေါ်သွားခဲ့တာမဟုတ်ဘဲ၊ ဂျမ်းတောရဲ့ အကို အလုပ်လုပ်ကိုင်တဲ့ မာဆက် မှာ မွေးနေ့ပွဲရှိတဲ့အတွက် ဂျမ်းတောကို ဖိတ်လို့ သွားပို့ပေးခဲ့တာဖြစ်ကြောင်း ဂျမ်းတောရဲ့ ဖခင် ကိုကျော်စွာက အခုလိုပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။
“အခု သူဘဝတိုးတက်နေတယ်။ ကျနော်ဘဝစုတ်ပြတ်ပါစေ တချက်မှလည်း ကျနော်မတောင်းတော့ဘူး။ သူကောင်းကောင်းမွန်မွန်နဲ့ ဒီလိုသန့်သန့်ရှင်းရှင်းနေနိုင်ရင် ကျနော်ကျေနပ်တယ်။ သူအဆင်ပြေမှ သူအောက်က သူတွေစားရမှာလေ။ ကျနော်ခေါ်လိုက်ရင် သူတို့ မောင်နှမတွေ ကစဥ◌့်ကရဲ ဖြစ်သွားမှာ။ ချူးချူးမွေးထားတာလည်း သားတမီး ၂ ယောက်ရှိတယ်။ သားသမီးချင်းကိုယ်ချင်းစာ။ ကျနော် သမီးကလည်း ဘယ်တော့ဖြစ်ဖြစ်၊ သူခိုးပဲ ဖြစ်ဖြစ်၊ ဓားပြပဲဖြစ်ဖြစ်၊ မဟုတ်တာပဲ လုပ်လုပ် မိဘက မိဘ ပဲဆိုတာ သိစေချင်တယ်။ဂျမ်းတောကို မဟုတ်တဲ့နေရာခေါ်သွားတယ်ဆိုတာ မဟုတ်ဘူးဗျ။ ကျနော်သားသမီးကို အဲ့လောက်ထိ မိုက်မဲတဲ့နေရာကို ခေါ်တာလဲ မဟုတ်ဘူး။ အတန်းပညာအကြီးကြီး ကျနော်မတတ်ပေမယ့် အသိပညာတော့နည်းနည်းရှိတယ်။ သားသမီးပေါ်မှာ ထားရမယ့် မေတ္တာ ကျနော်မှာရှိတယ်။ အဲ့တာဖြစ်လာတာက ဂျမ်းတော ကကျနော်ကိုဖုန်းဆက်တယ်။ အကိုအလုပ်လုပ်တဲ့ ဆီက ပိုင်ရှင်ရဲ့ မွေးနေ့ သမီးကို ဖိတ်ထားတယ်။ အဲ့တာ အကိုကလည်း လာမခေါ်ဘူးဆိုတာ သူက ကျနော်ကို ဖုန်းဆက်ပြီးပြောတယ်။ အဲ့တာဆိုလည်း အဖေ သိတယ်။ အဖေလိုက်ပို့ပေးမယ် နင့်အကိုဆီဆိုပြီး လိုက်ပို့ပေးတာ။ ဘယ်သူတွေထိခိုက်ပါစေဆိုပြီး ကျနော်လိုက်ပို့ပေးတာလည်းမဟုတ်ဘူး။သူ အကိုက ဖိတ်လို့ ကျနော်လိုက်ပို့ပေးတာ။ အဲ့တာပါပဲ။”လို့ ဂျမ်းတော ဖခင် ကိုကျော်စွာက ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အရင်က ဂျမ်းတောကြော်ငြာရိုက်လို့ရတဲ့ ဝင်ငွေလေးကို သူ့ကို ထောက်ပံ့ပေးမယ့် နောက်ပိုင်းမှာ ၅ ထောင်၊ ၁ သောင်း တောင်းဖို့တောင် ခက်ခဲလာခဲ့တယ်လို့လည် ကိုကျော်စွာက ဆိုပါတယ်။
သားသမီး ကောင်းစားတာကို မြင်ချင်ကြတာ မိဘတိုင်းပဲဖြစ်ပေမယ့် အဖေအရင်းတစ်ယောက်က ကိုယ့်သားသမီးကို လမ်းမှားမရောက်အောင် ဆုံးမရမယ့်အစား မကောင်းတဲ့အိမ်ကို ဂျမ်းတောလေးကို ခေါ်သွားခဲ့တယ်ဆိုပြီး ကိုကျော်စွာကို ဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။
ဂျမ်းတောလေးကို မိခင်ရင်းတယောက်လိုစောင့်ရှောက်မူပေးနေတဲ့ ချူးချူး မသိခင် ဂျမ်းတော အဖေက လာရောက်ခေါ်သွားခဲ့တာလည်းဖြစ်တယ်လို့လည်းဆိုပါတယ်။
အသက် ၁၀ နှစ်အရွယ် သရက်ကင်းသယ်လေးဂျမ်းတော ဘဝကနေ ပရိတ်သတ်တွေရဲ့ ချစ်ခင်မူကြောင့် အနုပညာအလုပ်တွေ ပါလုပ်နေရပြီး မိသားစုကိုပါ ထောက်ပံ့ပေးခဲ့တဲ့ ဂျမ်းတောကို ချူးချူးက စောင့်ရှောက်ပေးထားတာလည်းဖြစ်ပါတယ်။
ဂျမ်းတောလေးကတော့ သရက်ကင်းရောင်းပြီး မောင်နှမ ၁၀ယောက်လုံးကိုရှာဖွေကျွေးမွေးခဲ့သူတယောက်ဖြစ်ပြီး သူ့ရဲ့ မိခင်ကလည်း မကြာခင်က ဆုံးပါးသွားခဲ့ရတာဖြစ်ပြီး ကျန်ရစ်တဲ့ ဖခင်ဆီကနေ ချူးချူးက ဂျမ်းတော ဘဝ ဖြောင့်ဖြူးဖို့ ကူညီပေးခဲ့တာဖြစ်ပေမယ့် ဂျမ်းတောရဲ့ ဖခင်က သူမရှိတုန်း လာရောက်ခေါ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ူ
သူ့ကို ဖခင်ရင်းဖြစ်သူက အခုလို လာရောက်ခေါ်ခဲ့တာဖြစ်ကြောင်း ဂျမ်းတော ကအခုလိုပြောပါတယ်။
” အဖေကလာတော့ သမီးကထွက်တွေ့တာ၊ သမီးက စာတတ်နေပြီတဲ့ စတိုးဆိုင်မှာ အလုပ်သွင်းပေးမယ်ပြောတယ်။သမီးက အန်တီချူးလည်း မသိပဲ မလိုက်ချင်ဘူးပြောတာ အဖေက လာပါ သူ့ကိုပြောစရာမလိုဘူးဆိုပြီးတော့ အဖေကဆိုင်ကယ်ပေါ်တင်တာ သမီးက ငိုပြီးတော့ပြောတာ၊ အဲ့နေ့က မွေးဆိုပြီး သမီးက လိုက်သွားတာ ။အခန်းတွေက အများကြီးပဲ ။ လက်ဆောင်တောင် အရုပ်သေးသေးလေးယူသွားသေးတယ်။ အမကြီးတွေက အောက်မှာ အိပ်နေကြတယ်။ အပေါ်မှာ မွေးနေ့ကိတ်ခွဲတာ။ အဲ့ပေါ်မှာ အခန်းလေးကျဥ◌်းကျဥ◌်းလေးတွေအများကြီးပဲ။ ဘာလဲတော့ သမီးလည်းမသိဘူး။အဲ့တာအဖေ့ကိုမေးကြည့်တာ အဖေ့ဒါဘယ်နေရာကြီးလဲပေါ့ အဖေကလည်းပခုံးတွန့်ပြတယ်မသိဘူးလေဆိုပြီး။ ” ဂျမ်းတောက အခုလို ပြောပြလာတာလည်းဖြစ်ပါတယ်။
ယခုဆိုရင် ဂျမ်းတောလေးဟာ အင်္ဂလိပ်စာတွေသင်ယူနေပြီး ခေတ်စကားအရ ဗိုလ်လိုပြောတတ်နေပြီလည်းဖြစ်ပြီး
သရက်ကင်းသယ်ဘဝလေးကနေ အင်္ဂလိပ်စာနဲ့ရင်းနှီးလာပြီလို့ပြောရမာဖြစ်ပါတယ်။
ဂျမ်းတောလေးကို ကူညီစောင့်ရှောက်ပေးတဲ့အပြင် သူ့မိသားကိုလည်း တတ်နိုင်သလောက်ထောက်ပံ့ပေးတာတွေရှိခဲ့တယ်လို့ ဂျမ်းတောလေးကို စောင့်ရှောက်နေတဲ့ ချူးချူးက အခုလိုပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။
“ဂျမ်းတောလေးအဆင်ပြေအောင် သူ့အနေနဲ့ က သူတိုမိသားစုကို တစ်လ တစ်ခါ ထောက်ပံ့တယ်။ ဆန်ကုန်ရင်လည်း ဆန်ဝယ်ပေးတယ်။ကလေးတွေအတွက်တစ်ပတ်တစ်ခါမုန့်တွေဝယ်ပြိးသွားပေတယ်။အဲ့တာကို အခုကျ ဂျမ်းတောကိုပြန်ခေါ်ချင်တယ်။သူ့မောင်တွေသူ့ညီမတွေလည်းရှိတော့ စျေးပြန်ရောင်းခိုင်းမယ်” လို့ ဂျမ်းတော အဖေက အခုလိုပြောဆိုခဲ့ကြောင်း ချူးချူးက အခုလိုပြောပြပါတယ်။
ဂျမ်းတောက ချူးချူး နဲ့နေထိုင်ချိန်မှာ အများကြီးပြောင်းလဲခဲ့ပြီး ပညာရေးပိုင်သာမက အနေအထိုင်၊ အပြောဆိုပိုင်းမှာ ပြောင်းလဲခဲ့တာဖြစ်ပြီး ဂျမ်းတောကို အခုလိုပြောင်းလဲလာခဲ့တဲ့အတွက် ပရိတ်သတ်တွေက ဝမ်းသာခဲ့ကြတာလည်းဖြစ်ပါတယ်။