ဝေဖန်မှုတွေကြားကနေ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ စိုင်းလွှမ်းနဲ့ သင်ဇာရဲဝင်း
မင်္ဂလာပါ ပရိတ်သတ်လေးတို့ရေ One Daily Channel ကနေကြိုဆိုလိုက်ပါတယ်။
လတ်တလောမှာ ပရိတ်သတ်တွေကြားမှာဝေဖန်မှုတွေမြင့်တတ်နေတဲ့ စိုင်းလွှမ်းကတော့ ဝေဖန်သံတွေကြားကနေချစ်သူနဲ့ရွှေလက်တွဲလိုက်ပြီလည်းဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ ဇနီးဟောင်း ထက်ထက်မိုဦးနဲ့ လမ်းခွဲခဲ့တာ စစ်လွန်းလေး တစ်သက်ရှိနေခဲ့ပါပြီ။
ဇနီးဟောင်းဖြစ်တဲ့ ထက်ထက်မိုးဦးနဲ့ လမ်းခွဲခဲ့ပေမယ့် လည်း ပရိတ်သတ်တွေကတော့ သူတို့ချစ်တဲ့မင်းသမီးထက်ထက်မိုးဦးနဲ့သာပြန်ပေါင်းစေချင်ကြတာပါ။သူတို့နှစ်ဦးကတော့ လမ်းခွဲခဲ့ ပေမယ့်လည်း သမီးဖြစ်သူ စစ်လွန်းလေးနဲ့ပတ်သတ်ပြီး အရာရာတိုင်ပင်ဖို့ အမြဲအဆက်
အသွယ်မပြတ် ရှိနေခဲ့ကြပါတယ်။
သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပေမယ့်လည်း အခုမချိန်မှာ အမုန်းတရားတွေမရှိဘဲ မောင်နှမဆက်ဆံရေးနဲ့သာ ရှေ့ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ အခုအချိန်မှာ သူတို့နှစ်ယောက်ရဲ့ မဖြစ်နိုင်တော့ ဆက်ဆံရေးကို ပြည်ဖုံးကား ချခဲ့ပြီး အခုအချိန်မှာ အချစ်သစ်နဲ့ ရှေ့ဆက်နေခဲ့ပါပြီ။
စိုင်းလွှမ်းကတော့ အိမ်ထောင်ကွဲပြီးနောက်ပိုင်း ယဉ်လတ်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး အဆင်မပြေေတွကြောင့် လမ်းခွဲခဲ့ကြသလို အခုအချိန်မှာ သဘင်သည်မလေး သင်ဇာရဲဝင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။သင်ဇာရဲဝင်းကတော့ အသက်ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ အပြုအမှုတွေကြောင့် စိုင်းလွှမ်းရဲ့ အချစ်တွေကိုလည်း အပိုင်သိမ်းနိုင်ခဲ့သူပါ။
အသက်အရွယ်ငယ်ပေမယ့်လည်း စိုင်းလွှမ်းရဲ့ သမီးဖြစ်သူ စစ်လွန်းလေးအပေါ်မှာ ကောင်းလွန်းတာကြောင့် စိုင်းလွှမ်းအပြင် စိုင်းလွှမ်းရဲ့ မိသားစုဆီကပါ အချစ်တွေရထားခဲ့တာပါ။သင်ဇာရဲဝင်းကတော့ စစ်လွန်းအပေါ် အမ တစ်ယောက်လိုရော၊သူငယ်ချင်းတစ်ယောက်လိုပါ ချစ်ခင်နေခဲ့တာပါ။
စစ်လွန်းလေးနဲ့ပတ်သက်ပြီး အသေးစိတ်ကအစ သတိထားပြီး လုပ်ကိုင်ပေးတတ်လွန်းတာကြောင့် စစ္လွန်းကတော့ သူ့ရဲ့ အမတစ်ယောက်လိုသဘောထားပြီး ပျော်ရွှင်နေခဲ့ရပါတယ်။အခုလိုမျိုး နှစ်ဖက်မိသားစုအဆင်ပြေနေခဲ့တာကြောင့် မကြာခင်လက်ထပ်ဖို့ စီစဉ်နေခဲ့တဲ့ အကြောင်းကို Social media ကနေတစ်ဆင့် ပရိတ်သတ်တွေိကို အသိပေးလာခဲ့ကြပါတယ်။
သူတို့ရဲ့ မကြာခင်လက်ထပ်တော့ မယ့် သတင်းကြောင့်ဘဲ ဝမ်းသာဂုဏ်ပြုပေးကြတဲ့ ပရိတ်သတ်တွေရှိပေမယ့် ဇနီးဟောင်းဖြစ်တဲ့ ထက်ထက်မိုးဦးနဲ့သာ ပြန်ပေါင်းစေချင်တဲ့ ပရိတ်သတ်တွေလည်းရှိနေခဲ့ပါတယ်။ပရိတ်သတ်တစ်ချို့ကတော့ ထက်ထက်မိုးဦးနဲ့ သာပြန်ပေါင်း
ထုပ်စေချင်တာကြောင့် ဝေဖန်မှုတွေများစွာမြင့်တတ်နေခဲ့ပါတယ်။
ထက်ထက်ကတော့ အခုအချိန်မှာ ကျန်းမာရေးမကောင်းတာကြောင့် နိုင်ငံခြားမှာဆေးကုနေရပေမယ့်လည်း ဝေဖန်သံတွေကြောင့် သူ့အနေနဲ့ ဖြေရှင်းပေးလာခဲ့ပါတယ်။ထက်ထက်ကတော့ သူတို့နှစ်ယောက်ကွာရှင်းပြီးတာ ကြာပြီဖြစ်တဲ့အတွက် ပြန်ပေါင်းဖို့အဆင်မပြေသလို ၊ကွာရှင်းပြီးပြီဖြစ်တဲ့အတွက် စိုင်းလွှမ်းနဲ့ သင်ဇာရဲဝင်းဆက်ဆံရေးကိုလည်း မဝေဖန်စေချင်ခဲ့တာလည်းဖြစ်ပါတယ်။
ထက်ထက်ကတော့ သူနဲ့မသက်ဆိုင်တာပေမယ့်လည်း သမီးေလးရဲ့ အဖေ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေမခံစေချင်သလို၊တစ်ဖက်မိန်းကလေးကိုလည်း မနစ်နာစေချင်တာကြောင့် သူ့အနေနဲ့ ပရိတ်သတ်တွေကို ဖျောင်းဖြခဲ့ကြတာပါ။ပရိတ်သတ်တွေက ဘာတွေဘယ်လိုဘဲဖြစ်နေနေပါစေ ထက်ထက်ကိုသာ သနားနေခဲ့တာကြောင့် ထက်ထက်အခုလိုနေမကောင်းဖြစ်နေချိန်မှာ Ro နေကြတဲ့ စိုင်းလွှမ်းတို့စုံတွဲကိုသာ အပစ်တင်နေခဲ့ကြပါတယ်။
ဝေဖန်မှုတွေများလာတဲ့အပေါ်မှာတော့ စိုင်းလွှမ်းက ထက်ထက်ရဲ့ အောက်ဖဲကို လှန်ခဲ့ပါတယ်။စိုင်းလွှမ်းကတော့ ပြန်ပေါင်းစေချင်နေတဲ့ ပရိတ်သတ်ေတွကို သူတို့ရဲ့အကြောင်းနဲ့ပတ်သတ်ပြီး အခုလိုမျိုး ပြောပြလာခဲ့ပါတယ်။သူ့အနေနဲ့ အခုအချိန်မှ မိသားစုတစ်ခုစပြီး တည်ထောင်တော့မယ့်အချိန်ဝေဖန်နေကြတဲ့အတွက် တစ်ဖက်မိန်းကလေး အပေါ် အားမနာကြဘူးဆိုပြီးပြောလာပါတယ်။
စိုင်းလွှမ်းကတော့ အိမ်ထောင်ကွဲပြီးကတည်းက သမီးဖြစ်သူနဲ့ ၂ယောက်တညး်သာ ဖြတ်သန်းခဲ့ပေမယ့် ထက်ထက်ကတော့ ပရိတ်သတ်ထင်သလိုမဟုတ်ဘဲ ဘယ်နှစ်ယောက်ရှိနေပြီလဲသွားမေးဆိုပြီး ပြောလာခဲ့ပါတယ်။
ပရိတ်သတ်တွေကတော့ သူ့ရဲ့အပြောကိုမယုံကြည်ကြတာကြောင့် သူ့အနေနဲ့ ထက်ထက်မိုးဦးကိစ္စမှာ စာတွေပုံတွေနဲ့ လူသက်သေအထိပါရှိတာဖြစ်ပြီး အခုလိုမျိုးတွေနစ်နာအောင် စော်ကားနေရင် ပရိတ်သတ်တွေသိအောင်ချပြမယ်ဆိုပြီး သူ့ရဲ့ Social media ကနေ အားလုံးကို အသိပေးခဲ့တာပါ။
သူ့အနေနဲ့ ထက်ထက်မိုးဦးကို ဘယ်လို့တွေပြောနေပါေစ၊အောက်ဖဲလှန်နေပါစေ ပရိတ်သတ်တွေကတော့ ထက်ထက်ကို သာသနားပြီး ၊သူ့ဘက်ကသာ အခုအချိန်ထိ ရပ်တည်ပေးနေခဲ့ကြတာပါ။အခုလိုေတွပြောနေတဲ့ စိုင်းလွှမ်းနဲ့ဇနီးလောင်းဖြစ်တဲ့ သင်ဇာရဲဝင်းကတော့ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်နေခဲ့ရတာပါ။
အခုအချိန်မှာတော့ ဘယ်သူတွေဘယ်လောက်ဘဲေဝဖန်နေပါစေ ဝေဖန်မှုတွေကြားကနေ ရွှေလက်တွဲခဲ့ပါပြီ။မြန်မာနှစ်သစ်ကူးနေ့တစ်နေ့ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပြီး ရွှေလက်တွဲခဲ့ကြပါပြီ။သူတို့နှစ်ယောက်ကိုအားပေးတဲ့ ပရိတ်သတ်တွေ၊အသိမိတ်ဆွေတွေကတော့ ဝမ်းသာဂုဏ်ပြုပေးနေကြပေမယ့် ပရိတ်သတ်တစ်ချို့ရဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာပါနော်။
ဟုတ်ကဲ့ပါ…ဒီနေ့တော့ ဒီလောက်နဲ့ ရပ်နားလိုက်ပါရစေ ခုလိုစိတ်ဝင်စားစရာ အကြောင်းအရာတွေကိုနေ့စဥ်တင်ဆက်ပေးနေမှာဖြစ်လို့ ကျွန်မတို့ရဲ့ One Daily channel လေးကိုလဲ အားပေးကြပါအုံးနော် အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိတ်သတ်တယောက်ချင်းစီတိုင်းကိုလဲ အထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါရစေ။