ဆယ်လီဖြူဖြူထွေးဟာဆိုရင်စပေါ်တုန်းကတော့ဝေဖန်ခံရသလောက်အခုချိန်မှာတော့သူမကိုချစ်သွားကြတာဖြစ်ပြီးဆယ်လီလောကအပြင်အနုပညာလောကကိုပါရောက်ရှိလာပြီးနေရာတစ်နေရာရရှိထားတာပဲဖြစ်ပါတယ်။ ဖြူဖြူထွေးဟာအလှူအတန်းတွေလုပ်တာကြောင့်လည်းတဟုန်ထိုးနာမည်ကြီးသွားတာဖြစ်ပြီးလူကြီးပရိသတ်တော်တော်များများကတော့သူမကိုချစ်ခင်နှစ်သက်လာကြတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုပါလုပ်ကိုင်လာတဲ့ဖြူဖြူထွေးဟာကြော်ငြာတွေသီချင်းတွေအပြင်ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။ အခုလိုတဖြေးဖြေးနာမည်ကြီးလာတာနဲ့အမျှဖြူဖြူထွေးရဲ့ပုံတွေနာမည်တွေကိုအသုံးပြုပြီး သူမရဲ့fanတွေကိုလိမ်စားတာမျိုးတွေရှိသလို ငွေကြေးလိမ်လည်တောင်းဆိုတာမျိုးတွေရှိလာခဲ့တာဖြစ်ပါတယ်။ ဖြူဖြူထွေးကလည်းအဲလိုမျိုးတွေကိုမယုံကြဖို့နဲ့သူမရဲ့page ကfollowerတွေကိုကြည့်ရုံနဲ့pageကအတူလားအစစ်လားဆိုပြီးခွဲခြားနိုင်တာကြောင့်pageအတုတွေကနေလိမ်လည်ပြီးငွေတောင်းခံတာမျိုးတွေကိုမပေးမိစေဖို့နဲ့မယုံကြပါနဲ့လို့မေတ္တာရပ်ခံလာခဲ့ပါတဘ်။ တစ်ချို့ကသူမရဲ့ပုံတွေနဲ့သူမရဲ့liveမှာပြောထားတဲ့စကားတွေကိုeditပြန်လုပ်ပြီးတင်ကာဂိမ်းကြော်ငြာတွေပါလုပ်ကြပြီးတစ်ချို့လူတွေကလည်းဂိမ်းသွားဆော့ကြကာပိုက်ဆံထုတ်ရင်သူတို့ဆော့ခဲ့တဲ့pageမှာမထုတ်ပဲသူမရဲ့pageအ စစ်မှာလာလာတောင်းကြတယ်လို့ဆိုပါတယ်။ သူမဟာဒီနေ့ဒီအချိန်ထိကိုဂိမ်ကြော်ငြာတွေလည်းတစ်ခုမှမလုပ်ခဲ့ဖူးသလိုနောက်လည်းလိမ်လည်တဲ့ဂိမ်းနဲ့ပက်သတ်ပြီးကြော်ငြာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ သူမကိုချစ်တဲ့ပရိသတ်တွေအနေနဲ့လည်း ဘယ်အရာကိုမှလွယ်လွယ်မယုံကြပါနဲ့လို့ဆိုလာခဲ့ပါတယ်။ဂိမ်းတွေနဲ့ပက်သတ်ပြီးကြော်ငြာပေးဖို့အတွက်လာအပ်တဲ့သူတွေတော်တော်များများရှိပေမဲ့လည်းသူမဟာဘယ်ကာစီနိုဂိမ်းကိုမှအကြော်ငြာခဲ့ဖူးပါဘူးပုံတွေကလည်းသူမရဲ့ပုံတွေကိုခွင့်ပြုချက်မရှိပဲယူတာဖြစ်ပြီးသူမရဲ့ပုံကိုမြင်တိုင်ဇွပ်မယုံကြဖို့တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။ သူမပုံတွေကိုလည်းဂိမ်းနဲ့ပက်သတ်ပြီးယူမသုံးပါနဲ့လို့ဆိုပါတယ်။အခုချိန်မှာတော့မိသာစုနဲ့အတူသူမရဲ့ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာဖြစ်ပြီးသူမမျက်နှာညိုးနေတာနဲအမေနဲ့အမဆွေမျိုးတွေအားလုံးကတန်းသိကြတယ်လို့ဆိုပါတယ်။ မိသားစုကလည်းသူမကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေကြတာဖြစ်ပြီးfacebookပေါ်မှာတစ်ခုခုအပြောခံရတာဝေဖန်ခံရတာမျိုးဆိုရင်အိမ်ကသူမပြောလဲတန်းပြီးသိနေခဲ့တယ်လို့ပြောလာခဲ့ပါတယ်။ သူမမျက်နှာညှိုးတာစိတ်ညစ်တာနဲ့သူမရဲ့မိသားစုတွေကပါစိတ်ညစ်ပြီးမျက်နှာညိုးသွားကြတာကြောင့်သူမကတော့အမြဲပျော်ပျော်နေဖြစ်တယ်လို့ဆိုလာခဲ့ပါတယ်။ဖြူဖြူထွေးအမေကလည်းဖြူဖြူထွေငိုနေရင်စိတ်မကောင်းဖြစ်တာကြောင့်သူမရဲ့သမီးလေးကိုမတိုက်ခိုက်ကြပါနဲ့လို့ပြောဆိုလာခဲ့ပါတယ်။ ဖြူဖြူထွေးကိုမချစ်ရင်နေပါမတိုက်ခိုက်ပါနဲ့လို့ ကိုယ်ကအမေဆိုတော့သမီးအတွက်ပိုပြီးစိုရိမ်စိတ်ပူရတယ်လို့ဆိုလာခဲ့ပါတယ်။ ဖြူဖြူထွေးနဲ့ပက်သတ်ပြီးလည်းလိမ်လည်တာမျိုးတွေရှိနေတာကြောင်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်၊ဖြူဖြူထွေကလည်းသူမကိုချစ်နဲ့ပရိသတ်တွေကိုအွန်လိုင်ဂိမ်းတွေမဆော့ကြဖို့ပြောဆိုလာပြီးသူလည်းဂိမ်းတွေကိုကြော်ငြာမှာမဟုတ်ဘူးလို့ဆိုပါတယ်။ pageအတုကနေဂိမ်းတွေဆော့ပြီးလို့နိုင်ရင်လည်းpageအတုမှာပဲပိုက်ဆံသွားတောင်းကြဖို့နဲ့သူမရဲ့pageအစစ်မှာ ပိုက်ဆံလာမတောင်းကြပါနဲ့လို့ဆိုလာခဲ့ပါတယ်။ဖြူဖြူထွေးကတော့မအောင်မြင်ခင်ကတည်းကတိုက်ခိုက်ခံနေရတာဖြစ်ပြီးအခုလိုအောင်မြင်လာတဲ့အခါမှာလည်း သူမရဲ့နာမည်တွေပုံတွေနဲ့လိမ်စားနေတာကိုဖြေရှင်းပေးနေရတာဖြစ်ပါတယ်ရှင်။
ဖခင်ဖြစ်သူရဲ. မာဆက်ကို ခေါ်သွားတာခံခဲ့ရတဲ့ ဂျမ်းတော
ဂျမ်းတောကို ခိုင်းစာဖို့အတွက် ကေတီဗီ ခေါ်သွားခဲ့တာမဟုတ်ဘဲ သူ့အကို အလုပ်လုပ်တဲ့ မာဆက်ကို ခေါ်သွားခဲ့တာဖြစ်ကြောင်း ဂျမ်းတော ဖခင် ကိုကျော်စွာက ပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ ဂျမ်းတောကို ဖခင်ဖြစ်သူက မဟုတ်တဲ့နေရာကို ခေါ်သွားခဲ့ကြောင်း သတင်းတွေတက်လာခဲ့ပြီးနောက် သူဖခင်ကို ဝေဖန်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ဂျမ်းတောကို အများထင်သလို ခိုင်းစားဖို့အတွက် မဟုတ်တဲ့နေရာကို ခေါ်သွားခဲ့တာမဟုတ်ဘဲ၊ ဂျမ်းတောရဲ့ အကို အလုပ်လုပ်ကိုင်တဲ့ မာဆက် မှာ မွေးနေ့ပွဲရှိတဲ့အတွက် ဂျမ်းတောကို ဖိတ်လို့ သွားပို့ပေးခဲ့တာဖြစ်ကြောင်း ဂျမ်းတောရဲ့ ဖခင် ကိုကျော်စွာက အခုလိုပြောကြားလာခဲ့တာလည်းဖြစ်ပါတယ်။ “အခု သူဘဝတိုးတက်နေတယ်။ ကျနော်ဘဝစုတ်ပြတ်ပါစေ တချက်မှလည်း ကျနော်မတောင်းတော့ဘူး။ သူကောင်းကောင်းမွန်မွန်နဲ့ ဒီလိုသန့်သန့်ရှင်းရှင်းနေနိုင်ရင် ကျနော်ကျေနပ်တယ်။ သူအဆင်ပြေမှ သူအောက်က သူတွေစားရမှာလေ။ ကျနော်ခေါ်လိုက်ရင် သူတို့ မောင်နှမတွေ ကစဥ◌့်ကရဲ ဖြစ်သွားမှာ။ ချူးချူးမွေးထားတာလည်း သားတမီး […]
ဝေဖန်မှုတွေကြားကနေ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ စိုင်းလွှမ်းနဲ့ သင်ဇာရဲဝင်း
ဝေဖန်မှုတွေကြားကနေ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ စိုင်းလွှမ်းနဲ့ သင်ဇာရဲဝင်း မင်္ဂလာပါ ပရိတ်သတ်လေးတို့ရေ One Daily Channel ကနေကြိုဆိုလိုက်ပါတယ်။ လတ်တလောမှာ ပရိတ်သတ်တွေကြားမှာဝေဖန်မှုတွေမြင့်တတ်နေတဲ့ စိုင်းလွှမ်းကတော့ ဝေဖန်သံတွေကြားကနေချစ်သူနဲ့ရွှေလက်တွဲလိုက်ပြီလည်းဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ ဇနီးဟောင်း ထက်ထက်မိုဦးနဲ့ လမ်းခွဲခဲ့တာ စစ်လွန်းလေး တစ်သက်ရှိနေခဲ့ပါပြီ။ ဇနီးဟောင်းဖြစ်တဲ့ ထက်ထက်မိုးဦးနဲ့ လမ်းခွဲခဲ့ပေမယ့် လည်း ပရိတ်သတ်တွေကတော့ သူတို့ချစ်တဲ့မင်းသမီးထက်ထက်မိုးဦးနဲ့သာပြန်ပေါင်းစေချင်ကြတာပါ။သူတို့နှစ်ဦးကတော့ လမ်းခွဲခဲ့ ပေမယ့်လည်း သမီးဖြစ်သူ စစ်လွန်းလေးနဲ့ပတ်သတ်ပြီး အရာရာတိုင်ပင်ဖို့ အမြဲအဆက် အသွယ်မပြတ် ရှိနေခဲ့ကြပါတယ်။ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပေမယ့်လည်း အခုမချိန်မှာ အမုန်းတရားတွေမရှိဘဲ မောင်နှမဆက်ဆံရေးနဲ့သာ ရှေ့ဆက်ခဲ့ကြတာလည်းဖြစ်ပါတယ်။စိုင်းလွှမ်းကတော့ အခုအချိန်မှာ သူတို့နှစ်ယောက်ရဲ့ မဖြစ်နိုင်တော့ ဆက်ဆံရေးကို ပြည်ဖုံးကား ချခဲ့ပြီး အခုအချိန်မှာ အချစ်သစ်နဲ့ ရှေ့ဆက်နေခဲ့ပါပြီ။ စိုင်းလွှမ်းကတော့ အိမ်ထောင်ကွဲပြီးနောက်ပိုင်း ယဉ်လတ်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီး အဆင်မပြေေတွကြောင့် လမ်းခွဲခဲ့ကြသလို အခုအချိန်မှာ သဘင်သည်မလေး […]
နာမည်မှာ Drink Water ပါတာကြောင့် ရေသန့်ကုမ္ပဏီ Brand Ambassador ဖြစ်လာခဲ့သူ
ဖိလစ်ပိုင်နိုင်ငံက တက္ကသိုလ်ကျောင်းသားတယောက်ဟာ သူ့ရဲ့နာမည်ကြောင့် အင်တာနက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ သူ့ရဲ့နာမည် Drink Water လို့ နာမည်ကြီးလာပြီးနောက်ပိုင်းမှာ ရေသန့်နဲ့ အချိုရည်ကုမ္ပဏီရဲ့ Brand Ambassador ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့နာမည်အပြည့်အစုံကတော့ Drink Water V.Rivera ဖြစ်ပါတယ်။ သူ့ရဲ့ID ပုံကို အတန်းဖော်တစ်ယောက်က တွစ်တာမှာ တင်လိုက်တဲ့အခါ နာမည်ကြီးသွားပါတယ်။ အဲဒီအခါ သောက်ရေသန့်နဲ့ အားဖြည့်အချိုရည်ကုမ္ပဏီဖြစ်တဲ့ Gatorade က Rivera ထံ ချဉ်းကပ်လာပြီးတော့ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကြော်ငြာထဲမှာ Rivera က သူ့ရဲ့နာမည်ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းပြထားပါတယ်။ Rivera ရဲ့ အမေက Rivera ကို ကိုယ်ဝန်ဆောင်စဉ်တုန်းက ရေကိုပဲ ချဉ်ခြင်းတပ်တာကြောင့် မွေးလာတဲ့အခါ Drink Water ဆိုတဲ့ နာမည်ပါအောင် မှည့်ခေါ်ပေးခဲ့ပါတယ်။