ဖိလစ်ပိုင်နိုင်ငံက တက္ကသိုလ်ကျောင်းသားတယောက်ဟာ သူ့ရဲ့နာမည်ကြောင့် အင်တာနက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။
သူ့ရဲ့နာမည် Drink Water လို့ နာမည်ကြီးလာပြီးနောက်ပိုင်းမှာ ရေသန့်နဲ့ အချိုရည်ကုမ္ပဏီရဲ့ Brand Ambassador ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့နာမည်အပြည့်အစုံကတော့ Drink Water V.Rivera ဖြစ်ပါတယ်။ သူ့ရဲ့ID ပုံကို အတန်းဖော်တစ်ယောက်က တွစ်တာမှာ တင်လိုက်တဲ့အခါ နာမည်ကြီးသွားပါတယ်။
အဲဒီအခါ သောက်ရေသန့်နဲ့ အားဖြည့်အချိုရည်ကုမ္ပဏီဖြစ်တဲ့ Gatorade က Rivera ထံ ချဉ်းကပ်လာပြီးတော့ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကြော်ငြာထဲမှာ Rivera က သူ့ရဲ့နာမည်ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းပြထားပါတယ်။
Rivera ရဲ့ အမေက Rivera ကို ကိုယ်ဝန်ဆောင်စဉ်တုန်းက ရေကိုပဲ ချဉ်ခြင်းတပ်တာကြောင့် မွေးလာတဲ့အခါ Drink Water ဆိုတဲ့ နာမည်ပါအောင် မှည့်ခေါ်ပေးခဲ့ပါတယ်။