24.4.2024ရွှေစျေး16ပဲရည်47သိန်း 1သောင်း
မြ၀တီကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ. သံချပ်ကာကားနဲ့ လက်နက်ခဲယမ်းတွေကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ရရှိ
ကရင်ပြည်နယ်၊ မြ၀တီမြို့ကို စစ်ကူလာတဲ့ စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်ရဲ. သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖျက်ဆီးသိမ်းပိုက်လိုက်ကြောင်းသိရပါတယ်။ စစ်ကောင်စီဖက်က အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ. မြ၀တီ ကိုသိမ်းပိုက်ဖို့ စစ်ဆင်ရေးတရပ်ကိုဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ထိုးစစ်ဆင်လာတဲ့ စစ်ကူတပ်တွေကို ၎င်းတို့လာရာလမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက အဆက် မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ခြေ တွင် စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ထားနိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။